မင်္ဂလာပါ !!!
WHO မှ အကြံပြုထားသည့် ရိုးရှင်းပြီး ကျန်းမာရေး နှင့် ညီညွတ်သော လူမှု ဆောင်တာများ ဖြင် ခရီးသွားရန် မေတ္တာရပ်ခံပါသည်။ Mask ကို စနစ်တကျ တပ်ဆင်ပါ၊ လက်ဆေးပါ ၊လက်ဆေးရန် မလွယ်ကူပါက Hand Sanitize ကို အသုံးပြုပါ။ အခြားသူများ နှင့်ထိတွေ့ခြင်း အတတ်နိုင်ဆုံး ရှောင်ရှားပါ။ နေမကောင်း ခြင်း ၊ ချောင်းဆိုးနေလျှင် ခရီးမသွားရန် သတိပေးလိုက်ပါသည်။
…………………………………………………………………………………………………………….
JJ Express ၏ မိုဘိုင်း အပ်ပလိကေးရှင်းဖြစ်စေ ၊ ၀ပ်ဆိုဒ် ဖြစ်စေ ထိုနေရာမှ လက်မှတ် ၀ယ်ယူရာတွင် JJ Express မှ သတ်မှတ်ထားသည့် စည်းကမ်းအတိုင်း လိုက်နာ ဆောင်ရွက်ရန် သဘောတူပါသည်။ JJ Express ၏ အောက်ပါစည်းကမ်းအတိုင်း လိုက်နာလုပ်ဆောင်ပါမည်။
၁. လူကြီးမင်းတို့ မည်သည့် ခရီးစဉ် မဆို အသွားအပြန် ၀ယ်ယူနိုင်သည်။ ၀ယ်ယူပြီး လက်မှတ် အတွက် ပြန်လည် ပယ်ဖျက်ခွင့်မပြုပါ။ ထို့ကြောင့်ခရီးစဉ် အား Book လုပ်ပြီးနောက် သေချာသည်ဆိုမှ သာ Confirm လုပ်စေလိုသည်။
၂. ခရီးစဉ် မတိုင်ခင် မိနစ်(၃၀)ခန့် စောပြီး ဂိတ်သို့ ကြိုတင်ရောက်ရမည်။ ကားထွက်ချိန်ကျော် မှ ရောက်လာခြင်း အတွက် JJ Express မှ တာဝန်ယူပေးမည် မဟုတ် သည်ကို သဘောတူပါသည်။
၃. Online Ticketing System ဖြင့် လက်မှတ်ရောင်းရာတွင် ခရီးစဉ် ၊ အချိန် ၊ အေ၇အတွက် ၊ Foreigner / Local စသဖြင့် စနစ်တကျ ရွေးချယ်ဝယ်ယူရမည်။
၎. လူကြီးမင်းတို့ လက်မှတ်ဝယ်ယူသည့်အခါ email မှ ပြန်လည်ပေးပို့သည့် E ticket အား သိမ်းထားစေလိုသည်။
၅. ခရီးစဉ် အတွက် လိုအပ်သည့်အချက်အလက်များ System ပေါ်တွင်ဖြစ် ၊ ဂိတ်တွင် ဖြစ်စေ တောင်းဆိုမှု အတွက် မှန်ကန်စွာ ဖြည့်စွက်ပေးရန် သဘောတူ ပါသည်။
၆. ဥပဒေ နှင့် မလွတ်ကင်းသည့် ပစ္စည်းများ သယ်ယူခြင်း မရှိရန်လည်း သဘောတူပါသည်။
၇. ခရီးသည် တစ်ဦးလျှင် သေတ္တာဖြစ်စေ ၊ ခရီးဆောင်ဖြစ်စေ တစ်ခုသာ ခွင့်ပြုပြီး ထို့ထက်ပို ပါက တန်ဆာက ပေးဆောင်ရန် သဘောတူပါသည်။
၈. လက်မှတ်ဝယ်ယူပြီးသော်လည်း ၄င်းခရီးစဉ် အတွက် မသွားဖြစ်ပါက ငွေပြန်လည် ထုတ်ပေးမည် မဟုတ်ပါ။ ထိုအချက်ကို သဘောတူလက်ခံပါသည်။
၉. လမ်းခရီးတလျောက် အဖိုးတန်ရွှေငွေ ကျောက်သံပတ္တမြား ပါလာက မိမိနှင့် အတူ ကိုယ်နှင့် မကွာ ထိမ်းသိန်းထားရှိရန် နှင့် လမ်းခရီးတလျောက် ကျန်းမာရေးသွားခြင်း ၊ ခေတ္တကားရပ်နား အောက်ဆင်း သည့်အခါ တွင်လည်း ကိုယ်နှင့်မကွာ ယူဆောင်ပေးရန် သဘောတူပါသည်။
၁၀. အိမ်မွေးတိရစ္ဆာန် များ သယ်ယူခြင်း ၊ အနံ့အသက်ပြင်း အနံ့ဆိုးသည့် ပစ္စည်းများ သယ်ယူခွင့်မပြုပါ။ လမ်းခရီးတွင် အခြားသူများ အနှောက်အယုက်ဖြစ်စေမည့် အပြုအမှုများ အရက်သေစာ သောက်စားခြင်း များ မပြုလုပ်ရန် သဘောတူပါသည်။
ခရီးစဉ်၊ အချိန်၊ ရက်များပြောင်းလဲလိုပါက လိုက်နာရမည့် စည်းကမ်းချက်များ
၁။ ၀ယ်ယူထားပြီးသော ခရီးစဉ်များအတွက် ခရီးစဉ် ထပ်မံပြောင်းလဲလိုပါက ၁၀% Service Fees ပေးဆောင်ရမည်။ ပြောင်းလဲလိုသည့် ခရီးစဉ်အချိန် သည် အနည်းဆုံး (၂) ရက်ခွာချိန်း ပေးရမည်။
၂။ ၀ယ်ယူထားပြီးသော ခရီးစဉ်၊ အချိန်ပြောင်းလဲလိုပါက ၁၀% Service Fees ပေးဆောင်ရမည်ကို သဘောတူပါသည်။
၃။ Sysetem ကို အသုံးပြုနေရင်း ခရီးစဉ် ပြောင်းပြန်ဝယ်မိသည်ဖြစ်စေ၊ Foreigner/Local မှားသည်ဖြစ်စေ၊ အသုံးပြုသူ၏ အမှားများအတွက် ပြန်လည်ပြင်ဆင်လိုပါက ၁၀% Service Fees ပေးဆောင်ရမည် ကို သဘောတူပါသည်။
၎။ ပြောင်းလဲလိုသည့် ခရီးစဉ် အချိန် ကို ကပ်ပြီး အကြောင်းကြားခြင်း အတွက် လက်ခံပြောင်းလဲပေးမည် မဟုတ်ပါ။ ဆိုလိုသည်မှာ ယနေ့ ထွက်မည့် ခရီးစဉ် ပြောင်လဲလိုခြင်း ၊ မနက်ဖြန် မနက် ခရီးစဉ် အတွက် လုံးဝ ခွင့်ပြုမည်မဟုတ်ဘဲ ထွက်ခွာချိန် ထက် (၂)ရက် ကျော် ခရီးစဉ် မှ သာ ခွင့်ပြုသည်ကို သဘောတူပါသည်။
(ဆိုလိုသည်မှာ ရက်ကပ်နေပါက မပြောင်းပေးပါ။)
၅။ JJ Express မှ ၀ယ်ယူထားပြီးသော ခရီးစဉ်များအတွက် Cancel လုပ်ပေးခြင်း၊ Fefund ပေးခြင်း လုပ်ဆောင်ပေးမည်မဟုတ်ပါ။
၆။ အဖွဲ့လိုက်ဝယ်ယူသူများ အထူးသတိပြုရန်-
အဖွဲ့လိုက် ခရီးသွားမည့် ခရီးသည်များ သည်
ခရီးစဉ်တလျောက် ဂျေဂျေ မှ ချမှတ်ထားသည့် စည်ကမ်းအတိုင်း ကျန်းမာ ရေးနှင့်
ညီညွတ်သော လူမှုဆောင်တာများ ဆောင်ရွက်ပြီး ခရီးသွားနိုင်ရမည် ဖြစ်ပါသည်။
၇။ ခရီးစဉ်ဖြစ်စေ၊ ရက်ဖြစ်စေ မူလ၀ယ်ထားသည့်မှ ပြောင်းလဲလိုလျှင် JJ Express သို့ အရင်ဆုံးဆက်သွယ်ပြီး မူလ Reference Number ပေးရမည်၊ အသစ်ပြောင်းလဲလိုသည့် Reference Number ပြန်ဝယ်ရမည်။ ကားလာစီးသည့်အခါ မူလ၀ယ်ထားသည့်ခုံအတွက် ကျသင့်ငွေ ၁၀% ကို JJ Express မှ ဖြတ်တောက်ပြီး ၉၀% ကို ဂိတ်တွင် ထုတ်ယူနိုင်ပါသည်။
၈။ Reseller ဖြစ်ပါက ၁၀% အရင်ဆုံးပေးသွင်းပြီးမှ မူလ၀ယ်ထားသည့် Reference Number ကို JJ Express မှ Cancel လုပ်ပေးမည်ဖြစ်ပြီး စိတ်ကြိုက်အသစ် ပြန်လည်ဝယ်ယူနိုင်သည်။
၉။ Service Fees နုတ်ပြီး မူလလက်မှတ်တန်ဘိုး ၉၀% ငွေပြန်အမ်းသည့်အခါ သတ်မှတ်ပေးသည့် Exchange Rate အတိုင်း ပြန်အမ်းပေးပါမည်။
၁၀။ Service Fees နုတ်ပြီး ဂိတ်တွင် ၉၀% ငွေထုတ်ယူမှုသည် JJ Express သို့ ဆက်သွယ်ထားသည့် ဖုန်းဖြင့်ဖြစ်စေ၊ Email ဖြင့် ဖြစ်စေ ဆက်သွယ်ပြောဆိုထားသည့်အတိုင်း ၄င်းဂိတ်တွင် လာရောက်ထုတ်ယူနိုင်ပါသည်။
၁၁။ အိမ်မွေး တိရိစ္ဆာန် များကို ယာဉ်ပေါ်တွင် ခရီးသည်များနှင့် အတူ စီးနင်းလိုက်ပါခွင့်မရှိပါ။ သို့သော် ကုန်ပစ္စည်းထည့်သည့် box ထဲတွင် ခြင်းများ ဖြင့် ထည့်၍ တင်ဆောင်နိုင်ပါသည်။
JJ Express မှ သတ်မှတ်ထားသည့် အထက်ပါ စည်းကမ်းချက် များအား သိရှိပြီး လက်ခံသဘောတူလုပ်ဆောင်ရပါမည်။
ခရီးစဉ်များ အားလုံး အတွက် လုံခြုံမှု ၊ ကျန်းမာရေးစောင့်ရှောက်မှု အထူးကောင်းမွန်သော ခရီးစဉ်များ အဖြစ် သင့်ရွေးချယ် စီးနိုင်ဖို့ JJ Express မှ တာဝန်ယူပါရစေ။
ကျေးဇူးအထူးတင်ရှိပါသည်။
© 2026 Joyous Journey Express . All Rights Reserved.